Monday, November 13, 2006

Phoe Htaung so SAD....

ဖိုးထောင် စိတ်မကောင်းပါ။

ပြီးခဲ့တဲ့ သောကြာနေ့ က ဖိုးထောင် NUS မှာ ၀င်ခွင့်စာမေးပွဲ ဖြေဆိုခဲ့ရပါတယ်. အချိန်ပိုင်း မဟာနည်းပညာဘွဲ့အတွက်ပါ။ ဖိုးထောင်နဲ့အတူ တခြားမြန်မာ ၁၄ ယောက်လောက်လဲ ပါပါတယ်. ဖိုးထောင်ကလွဲရင် တခြားမြန်မာတွေက မြန်မာပြည်ကနေ လာပြီး ဖြေကြတာပါ။ နောက်ဆုံးအသုတ်စစ်တဲ့ ၀င်ခွင့်စာမေးပွဲမို့ ဖြေပြီးတာနဲ့ အောင်တဲ့လူတွေကို လူတွေ့စစ်ဆေးပါတယ်။ ဖိုးထောင်သိသလောက် မြန်မာ ၅ ယောက်ပဲဝင်ခွင့်စာမေးပွဲအောင်ပြီး အင်တာဗျူးဖြေခွင့်ရခဲ့ပါတယ်..မြန်မာပြည်က လာပြီး ၀င်ခွင့်မအောင်လို့ ပြန်သွားရတဲ့လူတွေ အတွက် ဖိုးထောင် ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါတယ်..
ဒီနေရာမှာ နည်းနည်းဆွေးနွေးချင်တာက..တချို့က ဒီဘာသာကို ကိုယ်နဲ့ သင့်တော် မသင့်တော် မစဉ်းစားတာပဲ လျှောက်ကြတာပါ..
ဝင်ခွင့်မှာ မေးတာက ကွန်ပျူတာ ပရိုဂရမ်းမင်း၊ IT Project Management, Maths, Logic, Programming English, and Reasoning..တွေပါ..
Programming ကို ဘာမှနားမလည်တဲ့လူတစ်ယောက်အတွက် အောင်ဖို့ရာ တော်တော် ခဲယဉ်းပါတယ်..ဒါကြောင့်လဲ အများစု မအောင်ပဲ ပြည်တော်ပြန်ကြရပါတယ်..ဖိုးထောင် အရင်တုန်းကလဲ အကြံပေးခဲ့ပါတယ်.. ကိုယ်နဲ့ သင့်တော်တဲ့ ဘာသာ၊ ကိုယ်အားထုတ်လို့ ဖြစ်နိုင်တဲ့ ဘာသာ ကို လျှောက်သင့်ပါတယ်..
အောင်စာရင်းမထွက်ခင် စိုးရိမ်တဲ့ မျက်နှာတွေ ကို ဖိုးထောင်မြင်ခဲ့ရလို့ တကယ်ကို စိတ်မကောင်းပါ. ထပ်ပြောချင်ပါတယ်.. ကြိုးစားအားထုတ်မှုမရှိပဲ ဘာမှ လွယ်လွယ်ဖြစ်မလာပါ..မြန်မာပြည်က လာပြီးဖြေရတာ မလွယ်ပါ.. ကုန်ကျစရိတ်က လဲ သာမန်လူတွေအတွက် များပါတယ်.. တချို့ကလဲ ၀င်ခွင့်စာမေးပွဲဖြေဆိုခွင့်ရတယ်ဆိုပြီး အရမ်းမျှော်လင့်တာကို တွေ့ရပါတယ်.. အရမ်းမျှော်လင့်ပြီးဖြစ်မလာတော့ ပိုစိတ်ဆင်းရဲ ရတာ သဘာဝပါ..ဖိုးထောင်က စပ်စပ်စုစု မေးမိပါတယ်.. သူတို့ရဲ့ နောက်ခံ ပညာရေးအကြောင်းပါ..ဖိုးထောင်မေးတဲ့ နှစ်ယောက်လုံးက ကွန်ပျူတာ ဘက်ဂဒေါင်းက မဟုတ်ကြပါ။ ကွန်ပျူတာဘက်က လာတဲ့လူမှ လျှောက်သင့်တယ်လို့ ဆိုလိုတာမဟုတ်ပါ..၀င်ခွင့်စာမေးပွဲအောင်ဖို့ဆိုရင်တော့ ကွန်ပျူတာ Programming သိကိုသိမှ အောင် နိုင်မှာပါ..တစ်ယောက်ကပြောပါသေးတယ်.. သူက မြန်မာပြည်မှာ PhD အကြိုသင်တန်းတက်နေတယ်ဆိုတဲ့အကြောင်း၊ သူရဲ့ ဆရာက ဒီမာစတာကို လျှောက်လို့ အပြစ်တင်နေကြောင်း၊ တကယ်ဆို Research အဆင့်လောက် လျှောက်သင့်ကြောင်း ဂုဏ်ယူတဲ့ လေသံနဲ့ပြောနေပါတယ်။ ကံမကောင်းစွာပဲ ထိုမိန်းကလေး ၀င်ခွင့်မအောင်ခဲ့ပါ.. ကိုယ့်ကိုယ်ကို အရှိထက် ပိုပြီး ထင်နေပါတယ်..မဖြစ်သင့်ပါ။ ဖိုးထောင်သိသလောက် မြန်မာပြည် အင်တာနက်ကို တောင် ကောင်းကောင်းမသုံးရပါ။ စာကြည့်တိုက်မှာလဲ တကယ်ရှိသင့်တဲ့ Up to Date စာအုပ်တွေလဲ ရှိသင့်သလောက်မရှိဘူးလို့ထင်ပါတယ်. အဲဒီအခြေအနေနဲ့ PhD ကျောင်းသားတွေရဲ့ အဆင့်အတန်း တွက်ဆကြည့်နိုင်ပါတယ်..လူငယ်တွေ နိုင်ငံရပ်ခြားမှာ ပညာရှာတဲ့ အခါ..
မှန်ကန်တဲ့ လမ်းကြောင်းကို သေသေချာချာ ရွေးချယ်ပြီး ကြိုးစားအားထုတ်ကြပါလို့ ဖိုးထောင် အကြံပေးပါရစေ။

လေးစားလျက်
မောင်ဖိုးထောင်

No comments:

Give Your comments


Friends List
Thyda
Mg Hla
Nine Nine Sanay