Thursday, November 23, 2006

First time talking with Father after 15 years.

ဖိုးထောင် နဲ့ အဖေ စကားမပြောဖြစ်ခဲ့တာ ၁၅ နှစ်ကျော်ပြီထင်တယ်..လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ က ပထမဆုံးအကြိမ် ပြောဖြစ်ခဲ့တယ်..ဖိုးထောင် ၁၂ နှစ်သားလောက်ကတည်းက အဖေ နဲ့ အတူမနေပဲ အဒေါ်မိသားစုနဲ့ ကြီးပြင်းခဲ့တယ်ဆိုပါတော့..စကားမပြောဖြစ်တာက ဖိုထောင်မှာ အဖေ့အပေါ် နားကျည်းစရာတွေရှိခဲ့လို့ပါ..ဖိုးထောင် သေတဲ့အထိ မေ့ပျောက်လို့ ရမယ်မထင်ဘူး။

ဖိုးထောင်တို့ မိသားစု ကို ထမင်းနပ်မှန်အောင် မကျွေးမွေးနိုင်ခဲ့တဲ့ အဖေ..
အမေကို နေ့တိုင်းလိုလို နှိပ်စက် ရိုက်နှက်ခဲ့တဲ့ အဖေ..
အများတကာ အလည်မှာ မျက်နှာငယ်အောင်လုပ်ခဲ့တဲ့ အဖေ..
သာမန် ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို မကျေပွန်ခဲ့တဲ့ အဖေ..
ဖိုထောင်ခြုံတဲ့ စောင်၊ ဖိုးထောင်အိပ်တဲ့ သင်ဖြူး ကိုတောင် ရောင်းစားခဲ့တဲ့ အဖေ..


မနားကျည်းပဲ ရှိနိုင်ပါ့မလာ...

ဖိုးထောင်တို့ မိသားစု မှာ ဘာအပြစ်ရှိခဲ့လို့ လဲ....

အဖေ အပြစ်မဲ့တို့ ကျွန်တော်တို့ အပါ် သိပ်ရက်စက်ခဲ့တယ်..

ဖိုးထောင် ဘယ်တော့မှ မမေ့နိုင်ပါ...
နောင်ဘ၀ ဆက်တိုင်းမှာ ရက်စက်တဲ့ အဖေ နဲ့ မကြုံရပါစေနဲ့လို့ ဖိုးထောင်ဆုတောင်းပါတယ်..

သပ်ဗေ သတ်တာ ကံမ သကာ
မောင်ဖိုးထောင်

5 comments:

Thyda said...

Well, Ko Phoe Htaung. I totally understand. It's tough. But I am hoping you'd share more love to your dad as you ever do to others. Then, life would be more comfortable and you would forget negative feeling gradually, I think.

I am glad that you talk with your dad, anyway.

a1aung said...

Ko Phow Htaung, I wanna to vote burmese music boy. But i dont know whose is it?a1aung@hotmail.com

Phoe Htaung said...

Hey a1aung

Here you can check his brief bio. His name is

Bon Von - Ya Know The Name

http://www.bbc.co.uk/worldservice/specials/114_thenominees/page2.shtml

Then go to vote
http://www.bbc.co.uk/worldservice/thenextbigthing/tnbt_vote.shtml

MgHla said...

ကိုဖိုးထောင်ရေ...
အဖေ နဲ့ အမေကို ကျတော်တို့ ရွေးချယ်ပိုင်ခွင့် မရှိသလို ... အဖေ နဲ့ အမေကလည်း ကျတော်တို့ကို ရွေးချယ်ခွင့် မရှိခဲ့ပါဘူး... အဖေ ဘယ်လောက်ပဲဆိုးဆိုး ကိုဖိုးထောင်ရဲ့ အဖေဟာ အဖေပါပဲ... ကိုဖိုးထောင်ရဲ့ အဖေကို မချစ်ရင် နေပါ... မစော်ကားမိပါစေနဲ့ဗျာ... တကယ်တော့ မိဘဆိုတာ ရှိနေတုန်းမှာ လုပ်ကျွေးပြုစုနိုင်ရင် အကောင်းဆုံးပါပဲ... ကျတော် ကိုဖိုးထောင်ကို အပြစ်ပြောတာ မဟုတ်ပါဘူးဗျာ... ကိုဖိုးထောင်အဖေက ဆိုးတယ်ဆိုရင် ကိုဖိုးထောင် နားလည် ပေးလိုက်ပါဗျာ...
ကျတော်ပြောတာ မှားကောင်း မှားနိုင်ပါတယ်...

Phoe Htaung said...

ဟုတ်ပါတယ် ကိုမောင်လှ... ကျွန်တော် မစော်ကားပါဘူး..ကိုမောင်လှ ပြောတာလက်ခံပါတယ်..

Give Your comments


Friends List
Thyda
Mg Hla
Nine Nine Sanay