Monday, December 25, 2006

Raining in SG

စင်ကာပူမှာ မိုးတွေ နေ့တိုင်းရွာနေတယ်.. အဆိုးဆုံးကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားပေါ့. ခုထိ အင်ဒိုမှာ လူ ၁၀၀ ကျော်သေသွားပြီ.. အိုမဲ့အိမ်မဲ့တွေလည်း အများ ကြီးဖြစ်နေကြပြီ.. မိုးကလည်း တိတ်မဲ့ပုံမပေါ်သေး...

ဖိုးထောင်တို့ မြန်မာပြည်ကတော့ သဘာဝဘေးအန်တရယ် နည်းတယ်လို့ဆိုရမှာပေါ့..ကံကောင်းတာပေါ့ဗျာ...

အဲ ဒါပေမဲ့ သဘာဝဘေးအန်တရယ်ထက် လူလူချင်း ဒုက်ခပေးနေတာကတော့ စိတ်မကောင်းစရာပါ..

ဆင်းရဲလို့ တခြားတိုင်းပြည်ကို အလုပ်သွားလုပ်ချင်လို့ မရှိ ရှိတာရောင်း၊ အတိုးနဲ့ ငွေချေးပြီး သွားချင်တဲ့လူတွေဆီက ငွေကို လိမ်တာတွေလည်းအများကြီးကြားနေရတယ်

ပီအမ် ကုမ်ပဏီ ဒါရိုက်တာ ဒေါ်မြသောင်းဝေ တစ်ယောက် ကားပြိုင်ပွဲမှာ ဒုတိယဆုရတာ တော်တော်များများ သိကြပေမဲ့ ဒေါ်မြသောင်းဝေ လူနှစ်ရာကျော်ဆီက တစ်ယောက် ငွေ ၁၀ သိန်းလိမ်သွားကိုတော့ သိတဲ့လူတော်တော်နည်းတယ်..

ကားပြိုင်ပွဲ ဆုရတုန်းက တီဗွီ ကလည်းလွှင့်၊ သတင်းစာ ၊ ဂျာနယ်ထဲမှာလည်းထည့်တယ်တဲ့..လိမ်သွားတာက ဘယ်သတင်းမီဒီယာကမှ မဖော်ပြကြဘူး..

အားလုံး သဘာဝ ဘေးအန်တရယ်ရော လူအန်တရယ်ရော ကင်းကြပါစေ။

သပ်ဗေသတ်တာ ကံမသကာ
မောင်ဖိုးထောင်

No comments:

Give Your comments


Friends List
Thyda
Mg Hla
Nine Nine Sanay