Monday, November 06, 2006

ရပ်ဝေးမြေမှာ ပညာရှာ

နိုင်ငံရပ်ခြားမှာ ပညာရှာလိုတဲ့ မြန်မာ လူငယ်များ ကို ကျွန်တော်ရဲ့ အတွေ့အကြုံ၊ အကြံဥာဏ်လေးတွေပေးချင်ပါတယ် မြန်မာလူငယ်တွေ တခြားနိုင်ငံမှာ ပညာရှာကြတာ တနေ့တခြား ပိုများများလာပါတယ်. တချို့လူငယ်တွေ ပညာသင်ရာမှာ အခက်အခဲများစွာ တွေ့ရတာ ကို မကြာခဏ ကြားမိပါတယ်. .အခက်အခဲတွေက ဘာတွေလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုဖြေရှင်းသင့်သလဲ စတာတွေကို ဖိုးထောင် ဆွေးနွေးချင်ပါတယ်.

အဖက်ဖက်က ချွတ်ချုံကြနေတဲ့ ယနေ့မြန်မာနိုင်ငံရဲ့ အခြေအနေအရ လူငယ်တွေအများစုဟာ မြန်မာနိုင်ငံအတွင်း မျှော်လင့်ချက်ကင်းမဲ့နေသလိုခံစားနေကြရပါတယ် ဒါကြောင့်တနည်းမဟုတ်တနည်း နိုင်ငံခြားမှာ ပညာဆည်းပူးဖို့ အခွင့်အလမ်းရအောင် ကြိုးစားကြပါတယ်

တချို့လူငယ်တွေက နိုင်ငံခြားမှာ ပညာသင်ခွင့်ရရင် ငါတို့ အတွက်အားလုံး အေးအေးဆေးဆေးဖြစ်သွားပြီထင်နေကြပါတယ်.. ဖိုးထောင်အမြင်ပြောရရင် လူတိုင်းဟာ ဘယ်နေရာပဲရောက်ရောက် ဘာကိုပဲလုပ်လုပ် ကြိုးစားအားထုတ်မှုမရှိရင် ဘယ်အရာမှ အလွယ်တကူ ဖြစ်မလာပါဘူး..စင်ကာပူမှာ ပညာရှာနေတဲ့ မြန်မာလူငယ်တွေ အများကြီးရှိပါတယ်..ခုတလောကြားနေရတာက မြန်မာကျောင်းသားတချို့ ပထမပတ်စာမေးပွဲမှာ ရှုံးတဲ့ သတင်းပါ..အကြောင်းရင်းက ဘာလဲဆိုတတော့ မြန်မာပြည်က ပညာင်ကြားရေးစနစ်နဲ့ ဒီက စနစ်က ကွဲပြားတာကို..အံဝင်ဂွင်ကြမလိုက်နိုင်တာရယ်.. ကိုယ်လေ့လာမဲ့ ဘာသာရပ်အတွက် သေချာမပြင်ဆင်ခဲ့တာကြောင့်လို့ ထင်မိပါတယ်..တခြားအကြောင်းအရာတွေလဲရှိပါသေးတယ်..တချို့ကျောင်းသားတွေက စာမေးပွဲမှာ မေးတဲ့ ပုံစံကို အပြစ်တင်ကြတယ်....မြန်မာပြည်လို မဟုတ်ဘူးပေါ့..

နိုင်ငံခြားမှာ ပညာသင်ဖို့လာမယ်ဆိုရင် ဖိုးထောင် အကြံပေးချင်တာက ဒီလိုပါ..

(၁) လက်လှမ်းမှီသလောက် ကိုယ်သွားမဲ့ နေရာ၊ ကျောင်းမှာရှိတဲ့ လူတွေကို အဆက်အသွယ်လုပ်ပါ..

ဘာတွေအခက်အခဲတွေ့နိုင်သလဲ. ဘာတွေပြင်ဆင်ထားသင့်လဲ.. သင်ကြားရေးစနစ် စတာတွေကို မေးပါ..

ပညာသင်ကြားရေးစနစ်မှာ လဲ ဖိုးထောင်သိသလောက်ပြောရရင်..မြန်မာပြည်က ပုံစံနဲ့ ကွာခြားပါတယ်.. မြန်မာပြည်မှာက အလွတ်ကျက်ဖြေကို အားပေးပါတယ်..တခြားနိုင်ငံမှာက ဘယ်လောက်နားလည်လဲ..ဘယ်လောက် တီထွင်ဆန်းသစ်နိုင်သလဲ.. ဆိုတာကို ဦးတည်ပါတယ်..ကိုယ့်အမြင်.. အတွေးအခေါ်ကို ထုတ်ဖော်ခိုင်းပါတယ်.. မကြာခဏ Presentation လုပ်ရပါတယ်..မြန်မာလူငယ်ကျောင်းသားများက ရှေ့ထွက်ပြောရတာ အတွေ့အကြုံနည်းတာရယ် English မှာ အားနည်တာရယ်ကြောင့်..ရှေ့ထွက်ပြောရမှာကြောက်ကြပါတယ်..အဲဒီတော့ အမှတ်က ရသင့်သလောက် မရတော့ဘူးပေါ့..ဖိုးထောင်ရဲ့ ပထမဆုံးအတွေ့အကြုံကတော့ ဒူးတွေတုန် အသံတွေတုန်ခဲ့တာပါပဲ။..နောက်တော့လဲ ကိုယ့်ကိုယ်ကို ပြုပြင်လာရင်းနဲ့ ခုတော့ မဆိုးတော့ဘူးပေါ့.

(၂) ဘာသာရပ်ကို သေချာရွေးချယ်သင့်ပါတယ်..

လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ မြန်မာကျောင်းသူတစ်ယောက် သင်ကြားတဲ့ ဘာသာရပ်ကို မလိုက်နိုင်လို့နေ့တိုင်းငိုနေတယ်လို့ ကြားခဲ့ရတယ်.. တချို့ က ကျောင်းတက်ခွင့်ရရင်ပြီးရော၊ ဘယ်ဘာသာပဲ သင်ရသင်ရ သင်မှာပဲဆိုပြီးလာကြပါတယ်.. တကယ်လဲကြတော့ ကိုယ်ထင်တာနဲ့ လက်တွေ့ ကွာခြားပြီး စိတ်ဆင်းရဲနေကြရတယ်..သင်ယူရမဲ့ဘာသာရပ်ကို တကယ်လိုက်နိုင်မလိုက် သေချာရွေးချယ်ဆုံးဖြတ်ဖို့လိုပါတယ်..မိမိကိုယ်ကို သိအောင်းကြိုးစားသင့်ပါတယ်....ဆိုလိုတာက ကိုယ်က ဘယ်ဘာသာကိုတော့ လိုက်နိုင်တယ်.. ဘယ်ဘာသာကတော့ လက်လှမ်းမမှီနိုင်ဘူး စသဖြင့်..

(၃) လူမှုဆက်ဆံရေးနှင့် ယဉ်ကျေးမှု

သေချာတာက လူမျိုးတစ်မျိုး နဲ့ တစ်မျိုး ယဉ်ကျေးမှုခြင်း.. ယုံကြည်မှုချင်း ကွားခြားကြပါတယ်..ကွာခြားတဲ့ အလျောက်..ငါ့ယဉ်းကျေးမှုကတော့ ကောင်းတယ်.. ငါ့ဘာသာ ကမှန်တယ်ဆိုတဲ့ စွဲလမ်းမှုတွေ ဖျောက်သင့်ပါတယ်..တချို့မြန်မာတွေက တခြား လူမျိုးတွေနဲ့ ဆက်ဆံရာမှာ အခက်အခဲတွေ့ကြတယ်..မြန်မာကျောင်းသူလေးတစ်ယောက် ပြောတာ ကြားမိလို့ ဖောက်သည်ချလိုက်ပါတယ်..သူ့နဲ့ ကျောင်းအတူတူ အတန်းတူတူ တက်တဲ့ တစ်ယောက်ကို ပြောနေတာပါ..

.."အတန်းထဲမှာ ငါလေ ဘယ်သူကို မှ ခင်လို့မရဘူး. နင်ကိုတော့ ငါခင်ပါတယ်..အိမ်မှာဆိုလဲ ငါဘယ်သူနဲ့မှ စကားမပြောချင်ဘူး.. တစ်နေ့တစ်နေ့ အိမ်ကိုပဲလွမ်းတယ်.. ဒီကလူတွေက တမျိုးပဲ.. ငါ့အိမ်မိသားစုတွေနဲ့ တခြားဆီပဲ..ငါဘယ်လိုမှ မပျော်ဘူး.. အိမ်ကိုပဲပြန်ချင်တယ်..ငါ့ဘယ်လိုနေရာကိုရောက်နေလဲ ငါ့ကိုငါ နားမလည်နိုင်ဘူး"

ကိုယ်ရောက်နေတဲ့ နေရာက လူတွေနဲ့ အံဝင်ဂွင်ကျ ဖြစ်ဖို့ ပြုပြင်ပြောင်လဲမှု တွေ အနည်းနဲ့ အများလုပ်ဖို့ လိုပါတယ်..ဒါမှာသာ ပညာင်ကြားရာမှာ အဆင်ပြေချောမွေ့မှာပါ..

သူများရဲ့ ယဉ်ကျေးမှုကိုလဲ ကိုယ့်သဘောမကျတိုင်း အပြစ်မတင်သင့်ပါဘူး..ဂျပန်လူမျိုးတွေရဲ့ ကိုယ်တုန်းလုံး ရေပူစိမ်တာကို သီရိလင်ကာ ကျောင်းသားတစ်ယောက်က အရှက်မရှိဘူးလို့ ဝေဖန်ပါတယ်..ရှက်လို့ ကိုယ့်ဘာသာ မလုပ်ရင်နေပါ..အဲဒီလို သွားပြီး ပြောတာမကောင်းပါဘူး..မပြောလဲ မပြောသင့်ပါဘူး..

..(၃) အတိတ်က အကြောင်းအရာတိုင်း မသယ်လာသင့်ပါဘူး

တချို့ကျောင်းသားတွေ မြန်မာပြည်မှာ အဆင့်ကောင်းကောင်းရခဲ့ပေမဲ့ နိုင်ငံခြား ပညာသင်တော့ ကောင်းကောင်းမလိုက်နိုင်လဲ့ စိတ်မချမ်းသာဖြစ်နေကြတယ်လို့ကြားမိပါတယ်..လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှု မလုပ်ရင် မရနိုင်ပါဘူး.. တခြားတော်တဲ့ မြန်မာကျောင်းသားတွေလဲ..အများကြီးပါ..သူတို့ဘာလို့တော်လဲ.. ကိုယ်ဘာတွေလိုအပ်နေလဲ.. သေချာစဉ်းစား အကောင်အထည်ဖော်ဖို့လိုပါတယ်.. အတိတ်က ရတိုင်း ခုရရမယ်ဆိုတဲ့ အစွဲအလမ်းမထားသင့်ပါဘူး..

"ရပ်ဝေးမြေမှာ ပညာရှာ" အစီအစဉ်ကို နားထောင်သင့်ပါတယ်..

သင့်သလို နောက်မှ ထပ်ဆွေးနွေးပါဦးမယ်..

အားလုံးကို လေးစားလျှက်

မောင်ဖိုးထောင်

4 comments:

Anonymous said...

Good! plz keep going!

Ei said...

ဟုတ်တယ်။ စင်ကာပူကျောင်းလာတက်ခါနီး
ညီမလေးကို အဖတ်ခိုင်းလိုက်ဦးမယ်။
ပညာသင်ကြားပုံနည်းစနစ်တွေ မတူတဲ့အခါကျတော့
တော်တော်လေးကို ကြိုတင်ပြင်ဆင်လာဖို့လိုမယ်။
အိတို့က သညာကိုဦးစားပေး စာမေးပွဲစနစ်နဲ့
ကြီးပြင်းလာကြတာဆိုတော့ ကိုယ့်ဥာဏ်ကို
သုံးပြီးထိုးထွင်းတွေးခေါ်ရတဲ့ဘက်ကျတော့
အနည်းနဲ့အများအားနည်းတယ်ဗျ။
ငှက်ပျောသီးအခွံနွှာကျွေးပညာရေးနဲ့လူဖြစ်ခဲ့တာဆိုတော့
ဒီရောက်တဲ့အခါကျရင် ဒီပညာရေးစနစ်ကို အသားမကျတဲ့အခါ ဒုက္ခရောက်မှာကို စိတ်ပူလို့ပြောရင်နားမ၀င်ဘူး။
ဒီဘလော့ဂ်ကိုပေးဖတ်လို်က်ဦးမယ်။
ကျက်နိုင်ရင်ရမယ် ကြီးပဲထင်နေတယ်။

Nay Nay Naing said...

ရေးထားတာလေးတွေ ကောင်းတယ်။ ဆက်ရေးပါဦး။ နောက်လည်း အမြဲလာဖတ်မယ်။

Lin said...

very good! carry on!

Give Your comments


Friends List
Thyda
Mg Hla
Nine Nine Sanay