Saturday, February 17, 2007

Thursday, February 08, 2007

Prepare before applying Graduate Diploma in System Analyst (ISS, NUS)

I would like to suggest those who are applying Graduate Diploma in System Analyst at ISS, NUS. If you do not know programming and IT good knowledge, consider carefully before you apply. I don't think it is very difficult to get admission. However it is not easy to get Diploma if you do not have programming knowledge.

Check on this.
- Currently 49 Myanmar students in 90 total are studying this course.
- First exam, three or four Myanmar students failed exam and terminated.
- Final exam, there are a few Mynamar students failed and cannot get diploma.
- Some Myanmar studnets can only obtain completion letter.

- Tution Fee SGD 6000
- Loan : 80%

If student failed and terminated, need to pay all loan before go back.

--Reason for fail
Those who failed exam and terminated do not have programming experiencse or knowledge. Very hard to follow.

Even this couse is intended for non-IT people, be aware of what happening in current batch.

Therefore, please be prepare your programming knowledge to attend this course.
The followings contents are teaching in this course for your prepartion.

- Basic Programming (C#, .NET 2.0)
- OOP (C#, Java)
- OOAD (UML, Use Case,etc)
- DBMS
- Web Programming (ADO.NET, ASP.NET, JSP)
- Java Mobile programming

For each section, student needs to do small to medium project with group work.
- Final project is more than that.

If you want to know about this course, contact me..
I am happy. :D

Good Luck
Phoe Htaung

Water Breaking.... :D

Thursday, January 18, 2007

Playing....:)



With Mitta
Phoe Htuang

Friday, January 12, 2007

Wednesday, January 10, 2007

Is my son clever?

My son pays respect to Buddha and monk when he sees.



With Mitta
Phoe Htaung

Thursday, January 04, 2007

Believe it or not?

Whether believe it or not! It is true..

You can buy Viet Bride in Singapore.
Price is between SGD 5000 to 20000. Based on age and virginity.

:D

PhoeHtaung

Sunday, December 31, 2006

Monday, December 25, 2006

Raining in SG

စင်ကာပူမှာ မိုးတွေ နေ့တိုင်းရွာနေတယ်.. အဆိုးဆုံးကတော့ အင်ဒိုနီးရှားနဲ့ မလေးရှားပေါ့. ခုထိ အင်ဒိုမှာ လူ ၁၀၀ ကျော်သေသွားပြီ.. အိုမဲ့အိမ်မဲ့တွေလည်း အများ ကြီးဖြစ်နေကြပြီ.. မိုးကလည်း တိတ်မဲ့ပုံမပေါ်သေး...

ဖိုးထောင်တို့ မြန်မာပြည်ကတော့ သဘာဝဘေးအန်တရယ် နည်းတယ်လို့ဆိုရမှာပေါ့..ကံကောင်းတာပေါ့ဗျာ...

အဲ ဒါပေမဲ့ သဘာဝဘေးအန်တရယ်ထက် လူလူချင်း ဒုက်ခပေးနေတာကတော့ စိတ်မကောင်းစရာပါ..

ဆင်းရဲလို့ တခြားတိုင်းပြည်ကို အလုပ်သွားလုပ်ချင်လို့ မရှိ ရှိတာရောင်း၊ အတိုးနဲ့ ငွေချေးပြီး သွားချင်တဲ့လူတွေဆီက ငွေကို လိမ်တာတွေလည်းအများကြီးကြားနေရတယ်

ပီအမ် ကုမ်ပဏီ ဒါရိုက်တာ ဒေါ်မြသောင်းဝေ တစ်ယောက် ကားပြိုင်ပွဲမှာ ဒုတိယဆုရတာ တော်တော်များများ သိကြပေမဲ့ ဒေါ်မြသောင်းဝေ လူနှစ်ရာကျော်ဆီက တစ်ယောက် ငွေ ၁၀ သိန်းလိမ်သွားကိုတော့ သိတဲ့လူတော်တော်နည်းတယ်..

ကားပြိုင်ပွဲ ဆုရတုန်းက တီဗွီ ကလည်းလွှင့်၊ သတင်းစာ ၊ ဂျာနယ်ထဲမှာလည်းထည့်တယ်တဲ့..လိမ်သွားတာက ဘယ်သတင်းမီဒီယာကမှ မဖော်ပြကြဘူး..

အားလုံး သဘာဝ ဘေးအန်တရယ်ရော လူအန်တရယ်ရော ကင်းကြပါစေ။

သပ်ဗေသတ်တာ ကံမသကာ
မောင်ဖိုးထောင်

Sunday, December 10, 2006

How big Difference?

နိုဘယ်လ်ဆု ကို စိတ်ဝင်စားသူတိုင်း သိကြမှာပါ.. မကြာသေးခင်ကပဲ နိုဘယ်ငြိမ်းချမ်းရေးဆုကို ဖိုးထောင်တို့ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်က စီးပွားရေး ပါမောက်ခတစ်ယောက်က ရသွားပါတယ်.. ဆုလဲယူပြီးသွားပါပြီ။ ဖိုထောင် သူ့ကိုလေးစားမိပါတယ်..ဒီဆုကို သူထိုက်ထိုက်တန်တန်ရခဲ့တာပါ..ကမ်ဘာမှာ ဘင်္ဂလားဒေ့ရှ်နိုင်က လူဦးရေအထူထပ်ဆုံးဖြစ်ပြီး ဆင်းရဲမွေတေမှုကလဲ တော်တော်လေးဆိုးပါတယ်.. နိုဘယ်ငြိမ်းချမ်းရေးဆု ရသွားတဲ့ စီးပွားရေး ပါမောက်ခဟာ ဆင်းရဲမွေတေမှုကို တိုက်ဖျက်ဖို့ကြိုးစားနေသူပါ..တော်တော်လေးလဲ အောင်မြင်နေပါပြီ။ ဆင်းရဲတဲ့ ဘယ်သူကို မဆို အတိုးနှုံးနည်းနည်းနဲ့ ငွေချေးပြီး ကိုယ်ပိုင် စီးပွားရေးလုပ်နိုင်အောင် ပံ့ပိုးပေးနေသူပါ..ခုဆို နိုင်ငံအတွင်း ကျေးရွာပေါင်းများစွာ မှာ သူ့ဘဏ်တွေ ဖွင့်လှစ်ထားပြီး ဆင်ရဲသားများကို ဆင်းရဲတွင်းမှ လွတ်မြောက်အောင် ကူညီပေးလျှက်ရှိပါတယ်..

ဆင်းရဲမွေတေမှု ကို မတိုက်ဖျက်နိုင်ရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကို မအောင်မြင်နိုင်ဘူးလို့ နိုဘယ်ဆုပေးရေးအဖွဲ့က ဆိုပါတယ်..ဒါကြောင့် ဆင်းရဲမွေတေမှုကို တိုက်ဖျက် အောင်မြင်နေတဲ့ စီးပွားရေး ပါမောက်ခ မိုဟာမက် ယိုးနပ် ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ထိုက်ထိုက်တန်တန်ချီးမြင့်ခဲ့တာ ပါလို့ ဆိုပါတယ်..

ဒါပေမဲ့..

လွန်ခဲ့တဲ့ နှစ်ရက်လောက် က RFA သတင်းထဲမှာ စိတ်မကောင်းစရာ ကြားခဲ့ရပါတယ်.. အလုပ်သမားဝန်ကြီးငှာနက တရားဝင်လိုင်စင်ရ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေးဂျင့် တစ်ခု က ဂျပန်သွားအလုပ်လုပ်ချင်တဲ့ လူနှစ်ရာကျော်ဆီက တစ်ယောက်ကို မြန်မာငွေ ၁၀ သိန်းဆီ ဂျပန်ကို ပို့ပေးမယ်ဆိုပြီ လိမ်သွားတယ်လို့ သိရပါတယ်..နေ့ရွေ့ ရက်ရွေ့ နဲ့ ဂျပန်ကိုလဲ မပို့နိုင် ၊ စရံငွေကိုလဲ ပြန်မပေးနိုင်လို့ ရဲစခန်းကို အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်..ခုထိတော့ ရဲစခန်းက ဘာမှလုပ်မပေးဘူးလို့ ဆိုပါတယ်..ကုမ်ပဏီပိုင်ရှင်ကလဲ တိုင်ချင်ရာတိုင်လို့ ပြောကြောင်း အလိမ်ခံရတဲ့ တစ်ယောက်ကပြောပါတယ်..လိမ်တာကလဲ တခြားလူသာမန်လူမဟုတ်ပါ... စာရေးဆရာ သောင်းဝေဦးရဲ့ သမီးတွေပါ..ဖိုးထောင်တော်တော်လေး ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်မိပါတယ်..အဖက်ဖက်က ကျပ်တည်းနေတဲ့အတွက် အများစုဟာ အဆင်ပြေရာ ပြေကြောင်း ရုံးကန်နေကြရတာပါ..အများစုက သူများဆီက အတိုးနှုံးများစွာ နဲ့ ချေးကြရတာပါ..


ဗုဒ်ဓဘာသာတွေယုံကြည်တဲ့ သံသရာဆို တာကို မေ့နေကြပြီလား။ မွတ်ဆလင်ဘာသာဝင် တစ်ယောက် က ဆင်းရဲမွေတေနေတဲ့ လူတွေကို ကယ်တင်နေပေမဲ့..
ဗုဒ်ဓဘာသာဝင် သိက်ခါရှိတဲ့ ယဉ်းကျေးတယ်ဆိုတဲ့ မြန်မာလူမျိုးတစ်စုက အကျပ်အတည်းများစွာကို လွတ်ရုံးဖို့ကြိုးစားနေတဲ့ အဆင်မပြေတဲ့လူတွေကို အခွင့်ကောင်းယူပြီး လိမ်ညာနေတာ စိတ်မချမ်းမြေ့စရာပါ..

ကိုယ့်ကိုကို ရွှေလိုခေါ်တဲ့ မြန်မာတွေ...
ကိုယ့်နိုင်ငံကို ရွှေနိုင်ငံလို့ အသိအမှတ်ပြုတဲ့ မြန်မာတွေ...
ဗုဒ်ဓဘာသာဝင်ဖြစ်တဲ့ မြန်မာလူမျိုတွေ...
အချင်းချင်းလိမ်ညာခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကိုယ်လုပ်သောကံ ပဲ့တင်သံ ကိုယ်ထံပြန်လာမည်..

သပ်ဗေသတ်တာ ကံမသကာ
မောင်ဖိုးထောင်

Tuesday, December 05, 2006

Dec 6, Phoe Htuang's Birthday...

ဒီဇင်ဘာ ၆ ရက်နေ့ ဟာ ဖိုးထောင်ရဲ့ ၃၂ နှစ်ပြည့် မွေးနေ့ပါ...
ကိုယ့်ဘာသာပဲ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်...

မောင်ဖိုးထောင်တစ်ယောက် မသေခင် မိသားစု နှင့်တူ ရောက်တဲ့နေရာမှာ ပျော်ပျော်ရွှင်ရွှင် နေနိုင်ပါစေ။

နိုင်းနိုင်းစနေ ဘဘော့ဂ်ထဲက ကဗျာလေးကို အားကျလို့
ကဗျာလေး မရေးတတ် ရေးတတ် ရေးလိုက်ပါတယ်..


ဖိုးထောင်သည် စစ်ဗိုလ်ဖြစ်ချင်ခဲ့သည်...
သို့သော် ဖြစ်မလာခဲ့ပါ..(ကံကောင်း၏)

ဖိုးထောင်သည် အကျိုးဆောင်လုပ်ငန်းကို လုပ်ချင်သည်..
သို့သော် မလုပ်ဖြစ်သေးပါ..

ဖိုးထောင်သည် အမျိုးတစ်ထောင်ကို ကျွေးချင်သည်...
သို့သော် ခုထိ မကျွေးနိုင်သေးပါ..

ဖိုးထောင်သည် ကမ်ဘာ အနှံ လျှောက်လည်ချင်သည်..
သို့သော် ပိုက်ဆံ အလုံအလောက်မရှိသေးပါ..

ဖိုးထောင် ၌ ပြောစရာတွေ အများကြီးရှိသည်..
သို့သော် ဘာပြောရမှန်း မသိပါ...

မောင်ဖိုးထောင်

Monday, December 04, 2006

Thai King's Birthday....Why Thai people love him so much?

ဒီနေ့ဟာ ကမ်ဘာမှာ နန်းသက် အရှည်ဆုံး နဲ့ ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှု ကို အပြည့်အ၀ရရှိတဲ့..ထိုင်းဘုရင်ရဲ့ မွေးနေ့ပါ..
ထင်ရှားပါတယ်... မေတ်တာ ကိုဝယ်ယူလို့မရပါ။ မေတ်တာ ကို မေတ်တာနဲ့ပဲ လဲလှယ်လို့ရပါတယ်..

ထိုင်းဘုရင်ကို မလေးစား မထေမဲ့မြင်ပြုတဲ့ စကားမျိုး မေးခွန်းမျိုး ကို သွားမမေးပါနဲ့ အန်တရယ်ရှိပါတယ်..

ဖိုးထောင်လဲ ထိုင်းဘုရင်ကို လေးစားမြတ်နိုးမိပါတယ်...

စိတ်ဝင်းစားလို့ သူ့အကြောင်းကို လေ့လာမိပါတယ်... တကယ်ပဲ လေးစားစရာကောင်းတဲ့ ဘုရင်တစ်ပါးပါ..

မောင်ဖိုးထောင်

Wednesday, November 29, 2006

Tuesday, November 28, 2006

Listen and Vote

There is Burmese boy who created fantastic music. Listen and vote for him.

Here you can listen his song..
Listen Burmese Boy's music

Then vote here: don't miss the name.
Vote for Him


Mg Phoe Htaung

Thursday, November 23, 2006

First time talking with Father after 15 years.

ဖိုးထောင် နဲ့ အဖေ စကားမပြောဖြစ်ခဲ့တာ ၁၅ နှစ်ကျော်ပြီထင်တယ်..လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ က ပထမဆုံးအကြိမ် ပြောဖြစ်ခဲ့တယ်..ဖိုးထောင် ၁၂ နှစ်သားလောက်ကတည်းက အဖေ နဲ့ အတူမနေပဲ အဒေါ်မိသားစုနဲ့ ကြီးပြင်းခဲ့တယ်ဆိုပါတော့..စကားမပြောဖြစ်တာက ဖိုထောင်မှာ အဖေ့အပေါ် နားကျည်းစရာတွေရှိခဲ့လို့ပါ..ဖိုးထောင် သေတဲ့အထိ မေ့ပျောက်လို့ ရမယ်မထင်ဘူး။

ဖိုးထောင်တို့ မိသားစု ကို ထမင်းနပ်မှန်အောင် မကျွေးမွေးနိုင်ခဲ့တဲ့ အဖေ..
အမေကို နေ့တိုင်းလိုလို နှိပ်စက် ရိုက်နှက်ခဲ့တဲ့ အဖေ..
အများတကာ အလည်မှာ မျက်နှာငယ်အောင်လုပ်ခဲ့တဲ့ အဖေ..
သာမန် ဖခင်တစ်ယောက်ရဲ့ တာဝန်တွေကို မကျေပွန်ခဲ့တဲ့ အဖေ..
ဖိုထောင်ခြုံတဲ့ စောင်၊ ဖိုးထောင်အိပ်တဲ့ သင်ဖြူး ကိုတောင် ရောင်းစားခဲ့တဲ့ အဖေ..


မနားကျည်းပဲ ရှိနိုင်ပါ့မလာ...

ဖိုးထောင်တို့ မိသားစု မှာ ဘာအပြစ်ရှိခဲ့လို့ လဲ....

အဖေ အပြစ်မဲ့တို့ ကျွန်တော်တို့ အပါ် သိပ်ရက်စက်ခဲ့တယ်..

ဖိုးထောင် ဘယ်တော့မှ မမေ့နိုင်ပါ...
နောင်ဘ၀ ဆက်တိုင်းမှာ ရက်စက်တဲ့ အဖေ နဲ့ မကြုံရပါစေနဲ့လို့ ဖိုးထောင်ဆုတောင်းပါတယ်..

သပ်ဗေ သတ်တာ ကံမ သကာ
မောင်ဖိုးထောင်

Wednesday, November 22, 2006

Thaw Lynn Thit's Donation



Thar Du, Thar Du, Thar Du....

Phoe Htaung,

Sunday, November 19, 2006

Is Phoe Htuang Lucky for this?

စင်ကာပူမှာ အိမ်ရှင်တွေက အိမ်ငှားတွေကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တာ မကြာခဏကြားရတယ်ဗျ၊ အိမ်ငှားအလုပ်သွားနေတုန်း အိမ်ရှင်က ၀င်ကြည့်တာ. ဟိုဟာ မလုပ်ရဘူး ဒီဟာ မလုပ်ရဘူး စသဖြင့် ကန်သတ်တာတွေကြောင့် အိမ်ငှားတဲ့လူတွေ စိတ်မချမ်းမသာဖြစ်ရတာပေါ့ဗျာ..

ဖိုးထောင်တော့ အခုထိ ကံကောင်းတယ်လို့ ဆိုရမှာပဲ..ဖိုးထောင်အိမ်ရှင်က တခါမှာ အိမ်ကို လူရှိတဲ့အချိန်ရော မရှိတဲ့အချိန်ရော လာမကြည့်ဘူး..လမ်းမှာတွေ့ရင်လဲ တကယ် ခင်မင်တဲ့ အပြုံးနဲ့ ဆက်ဆံတယ်..ခုတလော အိမ်ငှားရတာ သိပ်မလွယ်ဘူးကြားတယ်.. မလွယ်ဘူးဆိုတာ ကိုယ်တတ်နိုင်တဲ့ ဈေးနဲ့ နေရာနဲ့ ရဖို့ရာ အချိန်ပေးရတယ်လို့ ဆိုလိုတာပါ..သိပ်မကြာခင်မှာ အစိုးရက အခွန်နှုံး ၅ % ကနေ ၇ % အထိတိုးဖို့ လမ်းကြောင်းနေပြီလေ..သေချာတာက အားလုံး ဈေးလိုက်တက်မှာပါပဲ...

ဘာပဲဖြစ်ဖြစ်..လောလောဆယ်တောာ့ ဖိုးထောင် အတွက် အိမ်းငှားတာနဲ့ ပတ်သက်ရင် ကံကောင်းတယ်လို့ ဆိုနိုင်တာပေါ့ဗျာ.

လေးစားလျှက်
မောင်ဖိုးထောင်

Friday, November 17, 2006

Happy Birthday My son..

Today is my son's one year birth day. He is celebrating his birthday in Myanmar with his grandmother family. Phoe Htuang is away....



with love
Phoe Htaung.

Thursday, November 16, 2006

Lazy Phoe Htaung..:(

ဖိုးထောင် ဒီနေ့ အလုပ် လုပ်ရတာ သိပ်စိတ်မပါဘူး။
မနက်ဖြန်ဆို ဖိုးထောင်ရဲ့ သားလေး တစ်နှစ်ပြည့်မွေးနေ့လေ.. ဖိုးထောင်နဲ့က ဝေးနေတော့ သားမွေးနေ့ ကို မတက်ရောက်နိုင်ဘူး..
ဖိုးထောင်မှာ သားတစ်ယောက်၊ မယားတစ်ယောက်ရှိပါတယ်..

ဖိုးထောင် သားကို လွမ်းတယ်ဗျာ...တကယ်ပဲ..

လူတိုင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။
မောင်ဖိုးထောင်

Wednesday, November 15, 2006

Reason of Dishonest..?

ဆင်းရဲလို့ မရိုးသားတာလား၊ မရိုးသားလို့ မရိုးသားတာလား..
၂၀၀၁ ခုနှစ်လောက်တုန်းက ဖိုထောင် ဘိလပ်မှာ ရှိနေတုန်း.. အတူနေ သူငယ်ချင်းရဲ့ မိတ်ဆွေ စင်ကာပူနိုင်ငံသူ မြန်မာလူမျိုး နဲ့ ဘိလပ်မှာ သိခဲ့ရပါတယ်..ထိုအမျိုးသမီးရဲ့ ပိုက်ဆံအိတ် လန်ဒန်မှာပဲ ခါးပိုက်နိုက်ခံလိုက်ရပါတယ်..ငွေအပြင် တခြား ကတ်တွေလဲ ပါသွားတော့ တော်တော်လေး အလုပ်ရှုပ်သွားတာပေါ့..
ထိုအမျိုးသမီးက မှတ်ချက်ပေးပါတယ်.. ဘိလပ်က နိုင်ငံကြီးဖြစ်ပေမဲ့ ခုလိုခါးပိုက်နှိုက်ရှိတာ ရှက်စရာကောင်းတယ်တဲ့..စင်ကာပူမှာ ဆို ဒါမျိုးမရှိဘူးတဲ့... ကြားရတော့ ဖိုးထောင် တော်တော်လေး စင်ကာပူကို အထင်ကြီးမိပါတယ်..
ဒါပေမဲ့ ဖိုးထောင်အထင်ကြီးမိတာ မှားသွားတယ်ဗျာ..ဘာဖြစ်လို့လဲ ဆိုတော့ ဖိုးထောင်ရောက်ပြီးအလုပ်လုပ်တာမှ ၃ လတောင်မပြည့်သေးဘူး..ဖိုးထောင် နာရီနဲ့ ပိုက်ဆံအိတ် အခိုးခံလိုက်ရလို့ပါပဲ။ ဖိုးထောင်က နာရီနဲ့ ပိုက်ဆံအိတ်ကို ဖိုးထောင်အိတ်တဲ့ ပြတင်းပေါက်နားမှာ ထားမိခဲ့တာကိုး။ အခိုးခံရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ သူခိုးမရှိဘူးလို့ ထင်ခဲ့မိလို့ပါ..ဖိုးထောင်အပြင် တခြားလူတွေလဲ အခိုးခံရတာကို ကြားမိပါတယ်..ဒါကြောင့် စင်ကာပူမှာလဲ သူခိုးရှိပါတယ်... ဖိုးထောင်လို သတိလက်လွတ်မထားမိဖို့ သတိပေးပါရစေ။..
ဖိုးထောင်နားလည်မိတာက ဆင်းရဲနွမ်းပါးမှု က မရိုးသားမှုကို ခေါ်ဆောင်လာတတ်ပါတယ်..ယနေ့မြန်မာပြည်မှာ ကား နဲ့ မိုဘိုင်းဖုန်း ကို ကိုင်ပြီး မရိုးမသား လိမ်နေတဲ့ လူတွေအများကြီးပါ..လူတိုင်းဟာ မရိုးသားမှုကို မနှစ်သက်ကြပါ.. အခြေအနေရ မဖြစ်လွန်းလို့ လိမ်ရင်းလိမ်ရင်း နဲ့ မရိုးသားသူဖြစ်သွားကြတာ အများကြီးပါ..
စင်ကာပူမှာ အလုပ်ရှိ ၀င်ငွေရှိပေမဲ့ ဘတ်စ်ကားခ ကို မပေးချင်လို့ Cheat လုပ်တဲ့လူ..တွေ ဖိုးထောင် မကြာခဏတွေ့မိပါတယ်... ပိုက်ဆံမရှိလို့ မဟုတ်ပါ..
သတိထားပါ... စင်ကာပူမှာ လဲ သူခိုး ရှိပါတယ်...

လေးစားလျှက်
မောင်ဖိုးထောင်
Give Your comments


Friends List
Thyda
Mg Hla
Nine Nine Sanay